နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို သဘာ၀အတိုင်း ၁၀ မိနစ်နဲ့ ဖယ်ရှားကြမယ်

ဆားဝက်ခြံစူးစူးလေးတွေက အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်လာတတ်တယ်ဆိုပေမယ့် နှာခေါင်းတစ်ဝိုက်မှာ အဖြစ်များဆုံးပါပဲ။ မျက်နှာကိုသေချာ cleansing မလုပ်တာကြာရင်၊ မျက်နှာအသားအရေ စောင့်ရှောက်မှု နည်းလမ်းမမှန်ရင် ဆားဝက်ခြံတွေ ထကြွလာစေနိုင်ပါတယ်။ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ၁၀ မိနစ်ပဲအချိန်ပေးပါ။ အမြန်သက်သာ ရှင်းလင်းသွားစေရမယ်။ (၁) ရေနွေးငွေ့ပေးခြင်း မျက်နှာကို ရေနွေးငွေ့ပေးတဲ့နည်းဟာ အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး ဆားဝက်ခြံကင်းစေမယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ အသားအရေကို နူးညံ့စေပြီး ဆားဝက်ခြံတွေ သူ့အလိုလိုထွက်သွားဖို့ လွယ်ကူစေပါတယ်။ အရင်ဆုံး သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ ပြီးမှ ခြောက်အောင်တို့သုတ်ပြီး မျက်နှာကို အပူမဟပ်အောင် တစ်ပေခွဲ လောက်အကွာကနေ ရေနွေးငွေ့ပေးပါ (ဆားဝက်ခြံကိုတော့ ရေနွေးငွေ့ ထိတွေ့ပါစေ)။ ၁၀ မိနစ်လောက်ထားပြီးမှ မျက်နှာသုတ်ပုဝါနုနုနဲ့ ပွတ်သုတ်ပါ။ (၂) သစ်သီးအခွံနဲ့ ပေါင်းတင်ခြင်း လိမ္မော်သီး ဒါမှမဟုတ် ငှက်ပျောသီးခွံကိုသုံးပြီး သဘာဝ scrub ဖန်တီးအသုံးပြုနိုင်ပါတယ်။ သိထားသင့်တာက scrub လုပ်သင့်တဲ့အကြိမ်ရေက သင့်အသားအရေ အမျိုးအစားပေါ် မူတည်နေတယ်ဆိုတာပါပဲ။ သင့်အသားအရေက ထူပြီ...